၂၀၁၈ အစောပိုင်းမှာ Mytel အမည်ရှိ ဆင်းကဒ်များကို ဖြန့်ချီမည်

Mizzima TV 2017-06-16

Views 10

နိုင်ငံရဲ့ စတုတ္ထမြောက် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာအဖြစ် ပြည်တွင်းကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်ခွင့် လိုင်စင်ကို ဒီနှစ်အစောပိုင်းမှာ ရရှိထားတဲ့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel-ဗီယက်တဲ(လ)ဟာ သူတို့ရဲ့ ဆက်သွယ် ရေးဝန်ဆောင်မှုတွေကို ရှေ့ ၂၀၁၈ ခုနှစ်အစောပိုင်းမှာ ပေးသွားမယ်လို့ ဗီယက်တဲ(လ) ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုရဲ့ ဒုတိယအထွေထွေမန်နေဂျာ ငုယင် သီငိုင်က ပြောပါတယ်။
Mytel ဆိုတဲ့ အမည်နဲ့ ဖြန့်ချီမယ့် ဆင်းကဒ်တွေကို ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်လို ဝေးလံတဲ့ဒေသတွေနဲ့ ကျေးလက် ဒေသတွေကို ဦးတည်ဖြန့်ကျက်သွားဖို့ ရည်ရွယ်ထားတာဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံပေးနိုင် မယ်လို့ပါ ငုယင်သီငိုင်က ဆိုထားပါတယ်။
ဗီယက်တဲ(လ)အနေနဲ့ နိုင်ငံအတွင်း ဆက်သွယ်ရေးတာဝါတိုင်းပေါင်း ၅၀၀၀ ကျော်ကို တည်ဆောက်သွားမှာဖြစ်ပြီး ၀န်ထမ်းခန့်ထားမှုအပိုင်းအနေနဲ့လည်း ပြည်တွင်းဝန်ထမ်းပေါင်း ၃၀၀၀ ကျော်ကို အလုပ်အကိုင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းခေါ်ဆိုမှုဈေးနှုန်းတွေအနေနဲ့ကတော့ လက်ရှိပြည်တွင်းက မိုဘိုင်းအော်ပရေတာတွေရဲ့ ကောက်ခံနေတဲ့ ဈေးနှုန်းနီးပါး ဖြစ်မှာဖြစ်ပြီး ဈေးကွက်ယှဉ်ပြိုင်မှုကတော့ ၀န်ဆောင်မှုအရည်အသွေးအပိုင်းသာလွန်မှုဖြစ်တယ်လို့ ဒုတိယ အထွေထွေမန်နေဂျာ ငုယင်သီငိုင်က ပြောပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS