AMAအမည်ရှိ တေးစီးရီးသစ်ထွက်ရှိမယ့် မေကြည်

Mizzima TV 2019-03-05

Views 14

AMAအမည်ရှိ တေးစီးရီးသစ်ထွက်ရှိမယ့် မေကြည်
********************
Myanmar Idol Season 1 မှ Top Ten ပြိုင်ပွဲဝင်များဖြစ်သော အောင်ပြည့်ထွန်း၊ အောင်တေဇာကျော်တို့နှင့် အတူပူးပေါင်းပြီး AMA လို့ အမည်ပေးထားသည့် တေးအယ်လ်ဘမ်ထွက်ကို မတ်လ ၂၃ရက်နေ့တွင် ထွက်ရှိ တော့မည်ဖြစ်ကြောင်း တေးသံရှင်မေကြည် ကပြောသည်။

အဆိုပါ တေးစီးရီးတွင် တေးသံရှင်သုံးဦးဖန်းတီးထားသည့် လက်ရာများဖြစ်သည့်အတွက် တေးသီချင်း အမျိုး အစားအစုံအလင်ကိုခံစားရမည်ဖြစ်ပြီး တေးသီချင်းစုစုပေါင်း ၁၂ပုဒ်ပါဝင်ကြောင်း သိရသည်။
ယင်းအခွေထွက်ရှိသည့် မတ်လ ၂၃ရက်နေ့၌ လှည်းတန်းစင်တာတွင် ပရိုမိုရှင်းပွဲပြုလုပ်ကာ တေးသီချင်းများ ဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

ရိုက်ကူး-တည်းဖြတ် ကျော့ကေခိုင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS