အခုတော့ မြန်မာနိုင်ငံက ဗွီဒီယိုဈေးကွက်ထဲမှာ ထုတ်လုပ်ဖြန့်ချီတဲ့စနစ်တွေပြောင်းလဲဖို့ရှိနေတယ်ဆိုတာကို ကြည့်ရအောင်ပါ။ လက်ရှိလုပ်ကိုင်နေတဲ့ မူပိုင်စနစ်နဲ့ထုတ်ဝေတာကနေ ပရီစနစ်နဲ့ထုတ်လုပ်ဖြန့်ချီဖို့ ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာက တစ်ဘက်မှာ စိန်ခေါ်စရာတွေလည်းရှိနေတယ်လို့ ဗီဒီယိုလောကသားတွေက သုံးသပ်ပြောဆိုထားပါ တယ်။ ဒါပေမယ့် နှစ်ပေါင်း(၃၀)ကြာ မူပိုင်စနစ်နဲ့ ဗွီဒီယိုဇာတ်ကားတွေကို ထုတ်လုပ်ဖြန့်ချီတာက ဆိုးကျိုးတွေလည်း ရှိနေ တယ်လို့ ပြောဆိုကြတာတွေလည်း ရှိပါတယ်။ ဒီသတင်းကိုတော့ မဇ္ဈိမသတင်းထောက် မရှုမ၀အောင်က တင်ပြထားပါ တယ်။