ဧရာဝတီတိုင်းအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့ စွမ်းအားအရင်းအမြစ်ဝန်ကြီးကို နောက် လွှတ်တော် အစည်းအဝေးတွင် ခန့်မည်

Mizzima TV 2019-07-31

Views 0

ဧရာဝတီတိုင်းအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့ စွမ်းအားအရင်းအမြစ်ဝန်ကြီးကို နောက် လွှတ်တော် အစည်းအဝေးတွင် ခန့်မည်
************************
အသစ်တိုးချဲ့ဖွဲ့စည်းထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့ စွမ်းအားအရင်းအမြစ်ဝန်ကြီးအား လွှတ်တော် နောက်အစည်းအဝေးတွင် ခန့်အပ်မည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဦးအောင်ကျော်ခိုင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့ စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီး အဖြစ်ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်သဘောထားရယူသည့် အစီအစဉ်ကိုထပ်မံခေါ်ယူမည့် အစည်း အဝေး၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်တွင် ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်ကဆိုသည်။

“မကြာလောက်ဘူးထင်ပါတယ်။ အမှန်က ၀န်ကြီးချုပ်ဆီက အ၀င်ကိုစောင့်ရတာကို သူအကြောင်းတွေ ရှိပါ လိမ့်မယ်။ နောက်ဆုံးကျန်တယ်လို့ ကျွန်တော်သတင်းရထားတာ ကချင်၊ကယား၊ဧရာဝတီလို့ သိထား ပါတယ်။ ကချင်က ၁ရက်နေ့ ဆိုအရေးပေါ်ခေါ်ထားပါပြီ၊ကယားနဲ့ ဧရာဝတီကသိပ်မကြာတဲ့  coming soon သိပ်မကြာ တော့ဘူးထင်ပါတယ်။ ပထမတော့ နည်းနည်းကြာနေတယ်။ အခုက တစ်ပတ်လောက် အတွင်း မှန်းပါတယ်။ ရောက်တာနဲ့ ဒုတိယအကြိမ်အရေးပေါ်ပြန်ခေါ်ပြီး အတည်ပြုတဲ့ကိစ္စတွေလုပ်မယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ကို ဇူလိုင်လ၂ရက်နေ့ တွင် စတင် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး၊ဒုတိယနေ့အား ဇူလိုင်လ၄ရက်နေ့တွင်လည်းကောင်း တတိယနေ့အား ဇူလိုင်လ ၉ရက်နေ့  နှင့် စတုတ္ထနေ့အား ဇူလိုင်လ၂၉ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရိုက်ကူး - စည်သူမောင်မောင်

Share This Video


Download

  
Report form
RELATED VIDEOS