လူဦးရေ ၁၈,၀၀၀ ခန့်သာရှိသည့် လူသိုလူမျိုးများ၏နှစ်သစ်ကူးပွဲတော်ကျင်းပ

Mizzima TV 2017-06-16

Views 3

လူဦးရေ ၁၈,၀၀၀ ခန့်သာရှိသည့် လူသိုလူမျိုးများ၏ နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် ယနေ့ ကျင်းပခဲ့သည်။ လူသိုလူမျိုးအများစုသည် ချင်းပြည်နယ်အတွင်း အဓိကနေထိုင်ကြပြီး ပြည်ပတွင်နေထိုင်ကြသူများလည်းရှိသည်။ လူသိုလူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော်အကြောင်းကို ရန်ကုန်လာအိုသူ နှစ်ချင်းအသင်းတော်ဥက္ကဋ္ဌ ဦးစီထာရ်က မဇ္ဈိမ ကို ပြောပြပါတယ်။

“ရည်ရွယ်ချက်ကတော့ အနာဂတ်မှာ လာမယ့် လူသိုမျိုးဆက်လူငယ်တွေအနေနဲ့ လူသိုယဉ်ကျေးမှု စရိုက်လက္ခဏာတွေကို မမေ့အောင်၊ ဓလေ့ထုံးစံတွေမမေ့အောင်၊ နောက်ပြီးတော့ အဖိုးအဖွားတွေလုပ်ခဲ့တဲ့ နတ်ပူဇော်ပွဲနဲ့ဆက်တိုက် ကျင်းပတဲ့ထုံးစံလေးတွေကို မမေ့အောင်ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်” ဟု ရန်ကုန်လူသိုနှစ်ချင်းအသင်းတော်ဥက္ကဌဦးစီထာရ်ကပြောသည်။
လူသိုနှစ်သစ်ကူးပွဲတော်ကို တောင်ယာသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ကျင်းပလေ့ရှိပြီး ပွဲတော်တွင် ဝက်သားဖြင့် ပူဇော်ခြင်း၊ အစုလိုက် ခေါင်ရည်သောက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ နှစ်သစ်ကူးပွဲတော်တွင် သဘာဝဘေးအန္တရယ်များမှ ကင်းဝေးအောင်လည်း ဆုတောင်းကြသည်။ လူသိုနှစ်သစ်ကူး ပွဲတော်သည် မူလအစက နတ်ကိုးကွယ်မှုနှင့် ဆက်နွယ်သည့် ပွဲတော်တစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် ရိုးရာပွဲတော်အဖြစ် အသွင်ပြောင်းပြီးကျင်းပခဲ့ကြသည်။

Share This Video


Download

  
Report form
RELATED VIDEOS