ကျုံးအရှေ့ရှိ အပန်းဖြေနေရာတွင် မည်သူမဆို အခမဲ့ စားသုံးနိုင်မည့် Food Box များ စတင်ထားရှိ

Mizzima TV 2019-06-12

Views 1

ကျုံးအရှေ့ရှိ အပန်းဖြေနေရာတွင် မည်သူမဆို အခမဲ့ စားသုံးနိုင်မည့် Food Box များ စတင်ထားရှိ
************************************
ပြည်သူများနှင့် ခရီးသွားများ လာရောက်ကြသော မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်းရှိ အပန်းဖြေရာ နေရာတွင် မည်သူမဆို အခမဲ့ရယူနိုင်သော အအေးပုလင်းများ၊ မုန့်များထည့်ထားသည့် Food Box ကို စတင်ထားရှိခဲ့ကြောင်း သိရသည်။

ကလေးငယ်များ၊ အခြေခံလူတန်းစားများနှင့် ခရီးသွားများအတွက် အဆင်ပြေစေလိုသော ရည်ရွယ် ချက်ဖြင့် စတင်လှူဒါန်းပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိတွင် နေ့စဉ်နှင့်အမျှ လာရောက်လှူဒါန်းသူများလည်း ရှိနေပြီဖြစ်သည်။ ယခုကဲ့သို့လှူဒါန်းမှုမှအစပြုကာ Food Box များပိုမိုထားရှိနိုင်ရေးအတွက် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Food Box ကို စတင်ထားရှိလှူဒါန်းသူ ဦးဝမ်း (One to One ပြည်သူ့ကူညီရေးပရဟိတအဖွဲ့) မှမဇ္ဈိမကိုပြောသည်။


ရိုက်ကူး ဘိုဘို မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS