ချစ်သူများနေ့ LOVE ကျောက်တုံးတွင် အမှတ်တရနေ့များ ကဗ္ဗည်းရေးထိုးပေး

Mizzima TV 2017-06-16

Views 1

ချစ်သူစုံတွဲ နှင့် မင်္ဂလာမောင်နှံတို့၏ အမှတ်တရနေ့ရက်များအား ထာဝရတည်တံ့စေရန်အတွက် ရန်ကုန်မြို့ ပြည်သူရင်ပြင်ရှိ LOVE ကျောက်တုံးနေရာတွင် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့က ချစ်သူများနေ့ အထူးအစီစဉ်အဖြစ် ကဗ္ဗည်းမော်ကွန်းတင်ပေးသည့် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့သည်။
ထိုအစီစဉ်ကို Natural World ကုမ္ပဏီနှင့် Academician Production တို့ပူးပေါင်းပြီးပြုလုပ်ခြင်းဖြစ်သည်။
ကျောက်တုံးမှာ ကဗ္ဗည်းမော်ကွန်းတင်ပေးခြင်းကို ယနေ့တွင်သာ အခမဲ့ပြုလုပ်မှာဖြစ်ပြီးနောက်ပိုင်းတွင် အခကြေးငွေကောက်ခံသွားမည်ဖြစ်သည်။
“နောက်ပိုင်းမှာအပတ်စဉ်စနေနေ့ကို သတ်မှတ်ပြီးတော့ အဲ့ဒီနေ့ကျရင်တော့ အခကြေးငွေ ယူပြီးရေးထိုးပေးဖို့အစီစဉ်ရှိပါတယ်။ ဒါပေမဲ့အခုချိန်ထိတော့ ဈေးနှုန်းကိုမသတ်မှတ်ရသေးပါဘူး” ဟု Academician Production မှ ဒါရိုက်တာ ခန့်လူကပြောသည်။
ယနေ့တွင် ချစ်သူများနေ့အထိမ်းမှတ်အဖြစ် ကျောက်တုံးပေါ်တွင် အခမဲ့ကဗ္ဗည်း ၇၅ ခုရေးထိုး ပေးခဲ့သည်။
တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် မင်းသန့်အောင်အောင်က
“တကယ်ချစ်ကြတဲ့လူတိုင်းက ကမ္ဗည်းထိုးရုံတင်မဟုတ်ပါဘူး ရင်ခွင်နှစ်လုံးသားထဲမှာ တက်တူးထိုးသလို တစ်ယောက်နာမည်တစ်ယောက်ရေးထိုးကြပါတယ်။ ဒီမှာထိုးတယ်ဆိုတာ အမှတ်တရပါဘဲ။ နောက်ဒီကိုလာတိုင်း အမှတ်ရနေအောင်လို့ပါ” ဟုပြောသည်။
ထို့အပြင် ပြည်သူ့ရင်ပြင်ရှိ LOVE ကျောက်တုံးကို ချစ်သူများ၏နေရာအဖြစ် သတ်မှတ်ဖို့ Natural World ကုမ္ပဏီက ကြိုးစားနေပြီး နောက်ပိုင်းတွင် အပတ်စဉ်စနေနေ့တစ်ရက်ကို သတ်မှတ်ပြီး LOVE ကျောက်တုံးပေါ်တွင် သတ်မှတ်ထားသည့်အတိုင်း ကဗ္ဗည်းမော်ကွန်းတင်ရေးထိုးပေးသွားဖို့ရှိကြောင်းသိရသည်။

Share This Video


Download

  
Report form
RELATED VIDEOS