ခွင့်ပြုမိန့်မရသော်လည်း "ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးအတွက် စုရုံးကြ" ကမ်းပိန်းပြုလုပ်

Mizzima TV 2019-05-31

Views 3

ခွင့်ပြုမိန့်မရသော်လည်း "ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးအတွက် စုရုံးကြ" ကမ်းပိန်းပြုလုပ်
************************
ရာသီဥတုကပ်ဘေးဆိုးရွားမှုတွေကို မဖြစ်ပွားအောင် သဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ တိုက်တွန်းတဲ့ အနေနဲ့ လူငယ်တွေစုပေါင်းပြီး လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့၊ မြေနီကုန်းခုံးကျော် တံတားအောက်မှာ မေလ ၃၁ ရက်၊ ညနေ ၅ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်မယ့်သူတွေကို မေလ ၃၀ ရက်နေ့က စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှာ တာဝန်ရှိသူတွေက ခေါ်တွေ့ခဲ့ပြီး ဒီလှုပ်ရှားမှုကို မပြုလုပ်ဖို့အတွက် တားမြစ်ခဲ့တယ်လို့ ကမ်ပိန်း လှုပ်ရှားသူတွေက ဆိုပါတယ်။

" ဒီနေ့ လှုပ်ရှားမှုကို မလုပ်ဖို့တားမြစ်တယ်။ အကယ်၍ လုပ်ခဲ့မယ်ဆိုရင် သူတို့ဘက်ကလည်း တာဝန်ရှိတဲ့ အတိုင်း ဆက်ပြီးတော့ တုံ့ပြန်ရပါလိမ့်မယ်ပေါ့။ ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ကို ပြောဆိုခဲ့တာရှိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီနေ့အစီအစဉ်ကတော့ ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်းပဲ အဆင်ပြေပြေလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီလှုပ်ရှားမှုပြီးခဲ့တဲ့အခါမှာတော့ ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့သူတွေကို တရားစွဲခံရ တာတို့၊ တခြားခြိမ်းခြောက်ခံရတာတို့ ဒါတွေဖြစ်လာနိုင်မလားဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့် ရမှာဖြစ်တယ်” လို့ လှုပ်ရှားမှုကို ဦးဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ကိုကျော်ရဲထက်က မဇ္ဈိမကို ပြောပါတယ်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS