သေနတ်သမားကြည်လင်းအပါအဝင် ၃ ဦးအား ရုံးချိန်း ၁ဝဝ မြောက်ရုံးထုတ်
*********************
စစ်ဆေးနေသည်မှာ ကြန့်ကြာနေသည်ဟု အများပြည်သူဝေဖန်မှုများမြင့်တက်နေသည့် ဦးကိုနီအသတ်ခံရမှုနှင့် ပတ်သက်ပြီး သေနတ်သမားကြည်လင်းအပါအဝင် ၃ ဦးအား ရုံးထုတ်စစ်ဆေးခဲ့သည်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရုံးချိန်း ၁ဝဝ ပေါင်း ပြည့်ခဲ့ပြီဖြစ်သည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင်လည်း ချိန်းဆိုထားသည့် ဇေယျာဖြိုး၏ တရားခံပြသက်သေ ၃ ဦးမှာ တရားရုံးသို့လာရောက်ခြင်းမရှိသဖြင့် ထပ်မံပယ်လိုက်သည်။
ထို့ကြောင့် တရားရုံးတွင် စစ်ဆေးရန်တင်ပြထားသည့် တရားခံပြသက်သေ ၇၂ ဦးအနက် စုစုပေါင်း စစ်ဆေးရန် တရားခံပြသက်သေ ၃ ဦးသာ ကျန်ရှိသည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/53849
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ