ပုသိမ်မြို့တွင် အိမ်တိုင်ရာရောက် အပင်လိုက် စိုက်ပျိုးပေးမှုများ စတင်လုပ်ဆောင်

Mizzima TV 2019-04-29

Views 2

ပုသိမ်မြို့တွင် အိမ်တိုင်ရာရောက် အပင်လိုက် စိုက်ပျိုးပေးမှုများ စတင်လုပ်ဆောင်
*********************
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် အိမ်တိုင်ရာရောက် အပင် လိုက်လံစိုက်ပျိုးပေးသည့် အစီအစဉ်တစ်ခုကို ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ ဆောင်ရွက်နေကြောင်း ပုသိမ်မြို့တွင် အပင်များ လိုက်စိုက်ပေးသူများ အဖွဲ့မှ ဦးသက်နောင်က မဇ္ဈိမ သို့ပြောသည်။

"အိမ်တွေကို လိုက်စိုက်မယ်။ Facebook မှာတင်ထားပါတယ်။ ဖုန်းနံပတ်တွေ ကျွန်တော်တို့ဆီ အကြောင်း ကြားရင် စာရင်းတွေ မှတ်ထားတယ်။ လောလောဆယ် ရာသီဥတုပူပြင်းတဲ့အတွက် အိမ်တွေကို လိုက်စိုက်မယ်။ အိမ်တွေက ဘာလို့လိုက်စိုက်လည်းဆို အိမ်တွေက ရေလောင်းနိုင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင် လိုက်စိုက် မှာ အပင်ကိုလာတောင်းရင်မပေးဘူး။ မပေးဘူးဆိုတာ သူတို့မစိုက်ဖြစ်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင် လိုက် စိုက်မယ်။ စိုက်ဖို့လည်း အပင်စိုက်တဲ့ အလုပ်သမားတွေခေါ်ထားတယ်”ဟု ပုသိမ်မြို့တွင် အပင်များ လိုက်စိုက်ပေးသူများအဖွဲ့မှ ဦးသက်နောင်က မဇ္ဈိမ သို့ပြောသည်။

ယခုအချိန်တွင် အပင်စိုက်ပျိုးမှုအား အိမ်များတွင်လိုက်လံစိုက်ပျိုးပေးနေပြီး၊မိုးကျချိန်တွင် လမ်းများ၊ ရပ်ကွက် များ တွင်စိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးမှုသည် အခမဲ့လိုက်လံစိုက်ပျိုးပေးခြင်းဖြစ်ပြီး စိုက်ပျိုးပေးမည့် အပင် များမှာ ကံ့ကော်၊ခရေ၊ပိတောက် စသည့် အရိပ်ရအပင်များဖြစ်သည်။

ရိုက်ကူး - စည်သူမောင်မောင်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS