ပုသိမ်မြို့တွင် ကလေးသူငယ်ဆိုင်ရာဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒပြ

Mizzima TV 2019-07-04

Views 3

ပုသိမ်မြို့တွင် ကလေးသူငယ်ဆိုင်ရာဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒပြ
********************
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကလေးသူငယ်ဆိုင်ရာဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းကို ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

“တိုင်းပြည်နဲ့လူမျိုးရယ်အနာဂတ်မပျောက်ဆုံးရေးအတွက် လူငယ်တွေဦးဆောင်လုပ်တဲ့ပွဲပါ။ ဘယ်အဖွဲ့  အစည်းမှဦးဆောင်လုပ်တာမဟုတ်ဘူး”ဟု ဆန္ဒဖော်ထုတ်ပွဲ၌ ဟောပြောခဲ့သော ဦးသန်းဝင်းက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊အမျိုးဘာသာသာသနာ တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား ဆန့်ကျင်သည့် ဥပဒေအား အလိုမရှိ ၊ နိုင်ငံသား မဟုတ်သူများ လွှမ်းမိုးမှုအကြံ ဒို့လက်မခံ စသည့်ကြွေးကြော်သံများဖြင့် ပုသိမ်မြို့တွင်း လှည်လည် ဆန္ဒဖော်ထုတ်ခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများက ပူးပေါင်းပါဝင် ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ရိုက်ကူး - စည်သူမောင်မောင်

Share This Video


Download

  
Report form
RELATED VIDEOS