YBS ယာဉ်လိုင်း ၄ လိုင်းဖြင့် ညလုံးပေါက်ပြေးဆွဲပေးနေ

Mizzima TV 2018-12-20

Views 3

YBS ယာဉ်လိုင်း ၄ လိုင်းဖြင့် ညလုံးပေါက်ပြေးဆွဲပေးနေ
****************
ရန်ကုန်မြို့တွင်း ညဘက်သွားလာနေကြသည့် ခရီးသည်များအဆင်ပြေစေရန် ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ညပိုင်း မှ စပြီး OMNI FOCUS ကုမ္ပဏီမှ ယာဉ်လိုင်းအမှတ် YBS ၂ဝ၊ YBS ၈၃၊ YBS ၉၈၊ YBS ၉၉ တို့ဖြင့် စတင် ပြေးဆွဲပေးနေပြီဖြစ်သည်။

ခရီးသည်များ လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်းတစ်ဦးစီလိုက်ပါမည်ဖြစ်ပြီး ယာဉ်စီးခမှာလည်း မူလယာဉ်စီးခ အတိုင်းဖြစ်ကာ ပြောင်းလဲခြင်းမရှိကြောင်း OMNI FOCUS ကုမ္ပဏီမှသိရသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/53333

Share This Video


Download

  
Report form
RELATED VIDEOS