Yangon Waterboom ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Waterboom ရဲ့ Brand Ambassador တွေရွေးထုတ်နိုင်ဖို့ Mr & Miss Yangon Waterboom (M Boomer 2017)ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ Waterboom ရဲ့ Idol တစ်ယောက်အဖြစ် ကိုယ်စားပြုမယ့် ကျန်းမာသန်စွမ်းတဲ့ လူငယ်မောင်မယ်တွေပေါ်ထွက်လာစေဖို့ ရည်ရွယ်တာဖြစ်ပြီး ရုပ်ရည်ကိုသာ အဓိကမထားတဲ့ သက်လွက်ဖျက်လက်တဲ့၊ စွန့်စားလိုစိတ်ရှိတဲ့၊ ခန္ဓာကိုယ်ကျစ်လစ်တဲ့ လူငယ်တိုင်းအားကျတဲ့ စံပြလူငယ်မောင်မယ်ကိုသာ M Bommer ပြိုင်ပွဲကနေ ရွေးချယ်မှာဖြစ်ပါတယ်။ M boomer Final ပြိုင်ပွဲကိုတော့ မေလ ပထမပတ်၊Yangon Waterboom မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး လျှောက်လွှာဖောင်တွေကို www.facebook.com/Yangonwaterboom မှာ ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်