Dulwich College Yangon ရဲ့ ဒုတိယမြောက်ကျောင်းကို သြဂုတ်လအတွင်းက သန်လျင်မြို့ ၊ကြယ်စင်ဥယျဉ်အိမ်ရာမှာ ဖွင့်လှစ်ခဲ့ပါတယ်။
ကျောင်းဝင်းထဲမှာ သိပ္ပံဓာတ်ခွဲခန်းများ၊ အနုပညာနဲ့ ဒီဇိုင်းစတူဒီယိုခန်းများ ၊ စာကြည့်တိုက်တွေနဲ့ ၊ကမ္ဘာ့အဆင့်မီ သင်ထောက်ကူ စာသင်ခန်းတွေ ပါဝင်ပါတယ်။ ကျောင်းဝင်းက ဧက ၅၀ ကျယ်ဝန်းပြီး ၊ အခု ၂၀၁၇ အတွင်းမှာတော့ ကျောင်းရဲ့ အပိုင်း (၁) ဖြစ်တဲ့ မူလတန်းဆောင်တည်ဆောက်မှုပြီးစီးလို့ ကျောင်းသား၊ ကျောင်းသူတွေကို စတင်လက်ခံသင်ကြားပေးနေပြီ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၈ အစောပိုင်းမှာတော့ အိုလံပစ် အဆင့်မီရေကူးကန် ၊ မိုးလုံလေလုံ အားကစားရုံနဲ့ အားကစားကွင်းတွေကို ဆက်လက်ဖွင့်လှစ်သွားမှာလို့ သိရပါတယ်။ Dulwich College Yangon ကျောင်းဝင်ခွင့်ကိုတော့ စိစစ်လက်ခံဆောင်ရွက်လျှက် ရှိပြီး၊ အခုလက်ရှိမှာ အသက် ၂ နှစ်ကနေ ၁၃ နှစ်အရွယ်အထိ ကလေးတွေကို အလယ်တန်းအထိ ပညာသင်ကြားပေးနေတာပါ။
နောက်နှစ်တွေမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားကျောင်းသူတွေအထိ လက်ခံနိုင်ပြီး ၁၃ တန်းအထိ ပို့ချနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။ ဘာသာစကားသင်ကြားမှုပိုင်းတွေမှာလည်း အင်္ဂလိပ်ဘာသာစကား၊ မြန်မာဘာသာစကားနဲ့ တရုတ်ဘာသာစကားတွေကို အဓိကသင်ကြားပေးနေတာပါ။
၂၀၀၃ ခုနှစ်က စပြီး Dulwich College International ကျောင်း ၆ ကျောင်းကို တရုတ် ၊ကိုရီးယားနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်သြဂုတ်လမှာတော့ မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့ရှိ၊ လှိုင်သာယာ ပန်းလှိုင်အိမ်ရာမှာ မှာ ဖွင့်လှစ်ခဲ့တာပါ။