အခု ၂၀၁၄ ခုနှစ်ကနေစပြီး သတ်မှတ်ထားတဲ့ ကုန်သွယ်မှုပမာဏထက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တိုးမြှင့်ကုန်သွယ်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီးဦးဝင်းမြင့်က ပြောပါတယ်။
ဒီနှစ်အတွက် မူလသတ်မှတ်ထားတဲ့ ၂၅ ဘီလီယံကနေ ၃၅ ဘီလီယံအထိ တိုးမြှင့်ကုန်သွယ်သွားမှာဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် ၃ နှစ်ကာလအတွင်းကုန်သွယ်မှုပမာဏဟာ ၁၅ ဘီလီယံကနေ ၂၅ ဘီလီယံအထိ တိုးတက်လာခဲ့ပြီး အခုနှစ်အတွက် ၂၅ ဘီလီယံကနေ ၃၅ ဘီလီယံအထိ တိုးမြှင့်ဘို့ ပြောခဲ့တာဖြစ်ပါတယ်။