ရန်ကုန်-ပုသိမ်ကားလမ်း ကွန်ကရစ်လမ်းခင်းချိန်တွင် ယာဉ်ကြောကြပ်တည်းမှုမရှိအောင် စီစဉ်ထားဟုဆို
********************
ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်-ပုသိမ်ကားလမ်းအား ညောင်တုန်းဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ဆောင်ချိန်တွင် ယာဉ်ကြောကြပ်တည်းမှုမရှိအောင် လုပ်ဆောင်ထားကြောင်း ဧရာဝတီ တိုင်းဒေသကြီးလျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
“၂၄မိုင်ခင်းပြီးဆိုရင် သီတင်းကျွတ်တုန်းက ယာဉ်ကြောပိတ်ဆို့မှုမဖြစ်အောင်ကြိုပြီး ပြင်ဆင်ထားတာ ရှိတယ်။ လမ်းလွဲက ဆားမလောက်လမ်းဆုံကနေ ညောင်တုန်းမြို့ဘက်ကိုသွားပြီးတော့ တာဆုံဘက်ကို ပြန်ထွက်မယ့် လမ်းရှိတယ်။
လောလောဆယ်လျာထားတာ တစ်လမ်းမောင်းစဉ်းစားထားတယ်။ ရန်ကုန်ဘက်ကလာရင် ညောင်တုန်းဘက်ကို လာမယ်။ အပြန်ကျရင်တော့ လမ်းဟောင်းအတိုင်းပဲ လုပ်ငန်းခွင်ထဲကဖြတ်သွားမယ်လို့ စဉ်းစားထားတယ်”ဟု ဦးဝင်းဌေးက ပြောသည်။
ရန်ကုန်-ပုသိမ်လမ်းအား ရန်ကုန်တိုင်းဘက်တွင် ၁၇မိုင်နှင့်ဧရာဝတီတိုင်းဘက်တွင် ၂၄မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို လုပ်ဆောင်မည်ဖြစ်ပြီး လမ်းအကျယ်မှာ ပေ၃၀ရှိကြောင်း လမ်းပခုံးတဘက်လျှင် ၃ပေပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။
ရိုက်ကူး - စည်သူမောင်မောင်
( Zawgyi )
ရန္ကုန္-ပုသိမ္ကားလမ္း ကြန္ကရစ္လမ္းခင္းခ်ိန္တြင္ ယာဥ္ေၾကာၾကပ္တည္းမႈမရွိေအာင္ စီစဥ္ထားဟုဆို
********************
ဧရာဝတီတိုင္းေဒသႀကီး ရန္ကုန္-ပုသိမ္ကားလမ္းအား ေညာင္တုန္းဗိုလ္ျမတ္ထြန္းတံတားအထိ ကြန္ကရစ္ လမ္းခင္းျခင္းလုပ္ေဆာင္ခ်ိန္တြင္ ယာဥ္ေၾကာၾကပ္တည္းမႈမရွိေအာင္ လုပ္ေဆာင္ထားေၾကာင္း ဧရာဝတီ တိုင္းေဒသႀကီးလွ်ပ္စစ္စြမ္းအင္စက္မႈလက္မႈႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးဝင္းေဌးက ေျပာသည္။
“၂၄မိုင္ခင္းၿပီးဆိုရင္ သီတင္းကြၽတ္တုန္းက ယာဥ္ေၾကာပိတ္ဆို႔မႈမျဖစ္ေအာင္ႀကိဳၿပီး ျပင္ဆင္ထားတာ ရွိတယ္။ လမ္းလြဲက ဆားမေလာက္လမ္းဆုံကေန ေညာင္တုန္းၿမိဳ႕ဘက္ကိုသြားၿပီးေတာ့ တာဆုံဘက္ကို ျပန္ထြက္မယ့္ လမ္းရွိတယ္။
ေလာေလာဆယ္လ်ာထားတာ တစ္လမ္းေမာင္းစဥ္းစားထားတယ္။ ရန္ကုန္ဘက္ကလာရင္ ေညာင္တုန္းဘက္ကို လာမယ္။ အျပန္က်ရင္ေတာ့ လမ္းေဟာင္းအတိုင္းပဲ လုပ္ငန္းခြင္ထဲကျဖတ္သြားမယ္လို႔ စဥ္းစားထားတယ္”ဟု ဦးဝင္းေဌးက ေျပာသည္။
ရန္ကုန္-ပုသိမ္လမ္းအား ရန္ကုန္တိုင္းဘက္တြင္ ၁၇မိုင္ႏွင့္ဧရာဝတီတိုင္းဘက္တြင္ ၂၄မိုင္ ကြန္ကရစ္ခင္းျခင္း လုပ္ငန္းကို လုပ္ေဆာင္မည္ျဖစ္ၿပီး လမ္းအက်ယ္မွာ ေပ၃၀ရွိေၾကာင္း လမ္းပခုံးတဘက္လွ်င္ ၃ေပပါဝင္မည္ ျဖစ္ေၾကာင္း သိရွိရသည္။
႐ိုက္ကူး - စည္သူေမာင္ေမာင္