တိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံများကို အသုံးမချရန် အဆို လွတ်တော်က အတည်ပြု (ရုပ်/သံ)

irrawaddynews 2019-09-26

Views 22

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများအတွင်း ပါဝင်တိုက်ခိုက်နေကြသည့် အဖွဲ့အစည်းများ အနေဖြင့် ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံးများ၊ ဘာသာရေး အဆောက်အအုံများ၊ လူနေကျေးရွာ၊ ရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ နေရာများကို အကာအကွယ်ယူ၍ ပစ်ခတ် တိုက်ခိုက်မှုများ မပြုရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက် ပေးသင့်ကြောင်း စက်တင်ဘာလ ၂၃ရက်နေ့က ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။

အဆိုကို မင်းပြားမဲဆန္ဒနယ် အမှတ်( ၁ )မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့ ကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက အဆိုကို မှတ်တန်း အဖြစ်သာထားရှိရန် တင်ပြခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခဲ့၍ ၄င်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။

Share This Video


Download

  
Report form
RELATED VIDEOS