လီဗာပူးလ်ပရိသတ်များ မန္တလေးတွင် တွေ့ဆုံ

Mizzima TV 2019-06-02

Views 0


လီဗာပူးလ်ပရိသတ်များ မန္တလေးတွင် တွေ့ဆုံ
***************************
မန္တလေးမြို့ရှိ GOAL Unplug and Restaurant တွင် မြန်မာတစ်နိုင်ငံလုံးမှ လီဗာပူးလ်ပရိသတ်(Liverpool Fan) အယောက် ၃၀၀ ခန့် စုပေါင်းကာ လီဗာပူးလ်အသင်းနှင့် စပါးအသင်းတို့၏ ချန်ပီယံလိဂ်ဖလား နောက်ဆုံး ဖိုင်နယ်ပွဲကို ကြည့်ရှုအားပေးခြင်းနှင့်လာရောက်ကြသော လီဗာပူးလ်ပရိတ်သတ်များအတွက် ဖူဆယ်ဘောလုံး ပြိုင်ပွဲများကျင်းပခြင်းအစီအစဉ်များကို ဇွန် ၁ ရက်၊ညနေပိုင်းမှစတင်ကာ ပြုလုပ်ကျင်းပခဲ့သည်။ ရိုက်ကူး ဘိုဘို မဇ္ဈိမ
ယခုကဲ့သို့ လီဗာပူးလ်အသင်း ပရိသတ်များ စုပေါင်းတွေ့ဆုံမှုတွင် ဖားကန့်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ရန်ကုန်၊ စစ်ကိုင်း၊ မြင်းခြံ၊ ပြင်ဦးလွင် အစရှိသောမြို့များမှ ပရိသတ်များ လာရောက်ခဲ့ကြပြီး ဖိုင်နယ်ပွဲကို အတူတကွ အားပေးခဲ့ကြသည်။

ချန်ပီယံလိဂ်၏ နောက်ဆုံးဖိုင်နယ်ပွဲတွင် လီဗာပူးလ်အသင်းမှ ဆာလာ၊ အိုရီဂီတို့၏ သွင်းဂိုးများဖြင့် စပါးအသင်း ကို ၂-၀ ဖြင့် အနိုင်ရကာ ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ




Share This Video


Download

  
Report form
RELATED VIDEOS