ငြိမ်းချမ်းရေးဆွေးနွေးဖို့ လာရင် AA ကို မှဲ့တပေါက် မစွန်းစေရ ဟု ပြော (ရုပ်/သံ)

irrawaddynews 2019-05-24

Views 29



ဧရာဝတီ၊ မေ ၂၄၊ ၂၀၁၉

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာရောက်ရင် AA အဖွဲ့ကို မှဲ့တပေါက်မစွန်းစေရဟု တပ်မတော်က အာမခံထားကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဧပြီလက မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ တွေ့ဆုံစဉ် ပဏာမ အပစ်ရပ်စဲရေးစာချုပ် Bilateral Agreement လက်မှတ်ရေးထိုးနိုင်ဖို့ မေလ ၂၄၊ ၂၅ရက်မှာ တွေ့ဆုံညှိနှိုင်းရေးအတွက် ရန်ကုန်၊ နေပြည်တော် ၊ မြစ်ကြီးနားစတဲ့ မြို့တခုခုမှာ တွေ့ဆုံဆွေးနွေးရန် အဆိုပြုထားခဲ့ ပေမယ့် AA အဖွဲ့ဘက်က လုံခြုံရေးစိုးရိမ်မှုများ ရှိနေတဲ့အတွက် တွေ့ဆုံဖို့ နေရာ ဆက်လက်ညှိနှိုင်း တာတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ရိုက်ကူး - ကျော်မျိုး
တည်းဖြတ် - ဝေယံမိုးမြင့်

Share This Video


Download

  
Report form
RELATED VIDEOS