မြန်မာ့ လေသူရဲကောင်း လေယာဉ်မှူးကြီး ဦး မြတ်မိုးအောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း
***************************
မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မေ ၁၂ ရက်နေ့ နံနက်ပိုင်းက လေယာဉ်ဆင်းသက်ရာမှာ ရှေ့ဘီး ချမရဖြစ်တာကြောင့် လေယာဉ် ရှေ့ဦးပိုင်း စိုက်လျက်အနေအထားနဲ့ ဆင်းသက်ခဲ့ရပါတယ်။ ဒီလို အနေအထားမျိုး ဆင်းသက်ခဲ့ရမှာ ခရီးသည်များ တစ်စုံတရာ ထိခိုက်မှုမရှိအောင် အောင်အောင်မြင်မြင်နဲ့ ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်မှူးကြီး မြတ်မိုးအောင်နဲ့ မဇ္ဈိမက သီးသန့်မေးမြန်းထားပါတယ်။