ကျေးလက်နေပြည်သူများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ၀ါးအခြေခံ လက်မှုပညာ သင်တန်း ပြုလုပ်

Mizzima TV 2019-05-09

Views 3

ကျေးလက်နေပြည်သူများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ၀ါးအခြေခံ လက်မှုပညာ သင်တန်း ပြုလုပ်
********************************
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၀ါးအခြေခံ လက်မှုပညာသင်တန်းကို မြိတ်မြို့၊ ခုံမော်ကျေးရွာတွင် ကျေးလက် ဦးစီးဌာနမှ ၂ပတ်ကြာ အခမဲ့ သင်ကြားပေး နေကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မဇောကျေးရွာအုပ်စု၊ ခုံမော်ကျေးရွာမှ သင်တန်းသူ၊ သင်တန်းသား၂၀ ဦးကို အခမဲ့ သင်ကြားပို့ချပေးနေခြင်း ဖြစ်သည်။

ယင်း သင်တန်းကို မြိတ်မြို့နယ် ကျေးလက်ဦးစီးဌာနမှ ဦးစီး၍ ပြင်ပ ပညာရှင်များ ခေါ်ယူကာ ဧပြီလ ၂၆ မှ မေလ ၁၀ ရက်နေ့ အထိ သင်ကြား ပေးနေခြင်း ဖြစ်သည်။

သတင်းရိုက်ကူးပေးပို့သူ ဒီမိုးသွေး (မြိတ်) တင်ဆက် စိုးသူအောင်
.

Share This Video


Download

  
Report form
RELATED VIDEOS