မုံရွာခရိုင်မှာ ဧပြီလအတွင်း ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် တစ်ထောင်ကျော် ထုတ်ပေးခဲ့

Mizzima TV 2019-04-28

Views 1

မုံရွာခရိုင်မှာ ဧပြီလအတွင်း ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် တစ်ထောင်ကျော် ထုတ်ပေးခဲ့
***************************
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်မှာ ဧပြီလအတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရင်း One Stop Service အနေနဲ့ ဆိုင်ကယ်ယာဉ်မောင်း လိုင်စင် တစ်ထောင်ကျော် ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန တိုင်းဦးစီးမှူးက ပြောပါတယ်။

အခုနှစ် မတ်လက စတင်ပြီး မုံရွာခရိုင်အတွင်းမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ရင်း ဆိုင်ကယ်ယာဉ်မောင်း လိုင်စဉ်တွေကို ပြုလုပ်ပေးနေတာပါ။ မြို့ပေါ်ရပ်ကွက်တွေနဲ့ နယ်တွေကို ကွင်းဆင်းပြီး ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်တွေကို တစ်ပါတည်း ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

ရိုက်ကူး - ကျော်မင်းထွန်း
တင်ဆက် - ဘုန်းနိုင်ဖြိုး

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS