ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီး အင်းစိန်ထောင်အချုပ်ပို့
********************
တပ်မတော်ဘက်မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးမှာ ဧပြီလ ၂၂ ရက်နေ့တွင်ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တရားရုံး၌ လာရောက်အမှုရင်ဆိုင်ခဲ့ပြီး ၎င်းတို့ ၅ ဦးကို အာမခံမပေးဘဲ ဖမ်းဆီးကာ အင်းစိန်ထောင်အချုပ်သို့ ပို့ဆောင်လိုက်သည်။
သတင်းရိုက်ကူး/တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ