ဧရာဝတီတိုင်းတွင် သင်္ကြန်သံချပ်စားသားများကို သက်ဆိုင်ရာသို့ ကြိုတင် တင်ပြရန် မလိုဟုဆို

Mizzima TV 2019-04-12

Views 0

ဧရာဝတီတိုင်းတွင် သင်္ကြန်သံချပ်စားသားများကို သက်ဆိုင်ရာသို့ ကြိုတင် တင်ပြရန် မလိုဟုဆို
********************
သင်္ကြန်သံချပ် စာသားများကို သက်ဆိုင်ရာသို့ကြိုတင်တင်ပြရမှုမရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ကပြောသည်။

“သံချပ်ဟာ ပုသိမ်မြို့အစဉ်အလာလို့ပြောလို့ရတယ်။ သံချပ်စာသားများနှင့်ပတ်သက်ပြီး ကြိုတင် တင်ပြခိုင်းမှုမျိုး မရှိဘူး”ဟု စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်ကပြောသည်။

ထို့အပြင် သံချပ်စာသားများနှင့်ပတ်သက်၍ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားကို အမြတ်ထုတ်မည့် စာသား မျိုးကို ရှောင်ကြဉ်ရန် အပါအဝင် အဖွဲ့အစည်းတစ်ခုကိုလည်းကောင်း ပုဂ္ဂိုလ်တစ်သင်းတစ်ဖွဲ့မှ သံချပ်ထိုးမှုမျိုး အား ရှောင်ကြဉ်ရန်နှင့် မြန်မာ့ရိုးရာ အစဉ်အလာကို မြင့်တင်သည့် သံချပ်ထိုးမှုများ ဆောင်ရွက်ကြရန် လမ်းညွှန်ထားကြောင်း သိရသည်။
ရိုက်ကူး- စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS