မုံရွာတွင် တစ်လအတွင်း မီးလောင်မှု ၁၀ကြိမ် ဖြစ်ပွား

Mizzima TV 2019-04-07

Views 5

မုံရွာတွင် တစ်လအတွင်း မီးလောင်မှု ၁၀ကြိမ် ဖြစ်ပွား
******************************
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လက မီးလောင်မှု ၁၀ကြိမ်ဖြစ်ပွားခဲ့ပြီး ၉ ကြိမ်မှာ မုံရွာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေထဲမှာ အများဆုံးဖြစ်ပွားတာက ပေါ့ဆမီးဖြစ်ပြီး နွေရာသီကာလဖြစ်တဲ့အတွက် အမှိုက်ပုံတွေနဲ့ ကိုင်းတောတွေကတဆင့် ဖြစ်ပွားတဲ့ မီးလောင်မှုက ဒုတိယအများဆုံးဖြစ်ပွားခဲ့ပါတယ်။

၂၀၁၉ခုနှစ် ဇန်နဝါရီလကနေ မတ်လကုန်အထိစာရင်းတွေအရ မီးလောင်မှု စုစုပေါင်း ၂၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာတော့ မုံရွာခရိုင်အတွင်း မီးလောင်မှု ၄၁ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ရိုက်ကူး- ဘုန်းနိုင်ဖြိုး
တင်ဆက် ဇင်ဇင်မွန်ဇော်

Share This Video


Download

  
Report form
RELATED VIDEOS