ကျပ်သိန်း ၁၇ဝဝဝ ကျော် တန်ဖိုးရှိ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ကြိတ်ခွဲဖျက်ဆီး
======================
ကျပ်သိန်းပေါင်း ၁၇ဝဝဝ ကျော် တန်ဖိုးရှိ ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့်တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများကို မတ်လ ၃ ရက်နေ့၊ နံနက်ပိုင်း၊ရန်ကုန်မြို့၊ သဘာဝသမိုင်းပြတိုက်အနီးတွင် လမ်းကြိတ်စက်ဖြင့် ကြိတ်ခွဲဖျက်ဆီးခဲ့သည်။
ယခုဖျက်ဆီးမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဆင်ပြတိုက်ဖွင့်ပွဲနှင့်အတူ တစ်ဆက်တည်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)