နုတ်ထွက်စာတင်ထားသော ဝါးခယ်မကိုယ်စားလှယ် လွှတ်တော်အစည်းအဝေးသို့ ပြန်တက်

Mizzima TV 2019-02-28

Views 1

နုတ်ထွက်စာတင်ထားသော ဝါးခယ်မကိုယ်စားလှယ် လွှတ်တော်အစည်းအဝေးသို့ ပြန်တက်
************************
နုတ်ထွက်စာတင်ထားသော ၀ါးခယ်မမြို့နယ်မှ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းသည် ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၆ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်သို့ ပြန်လည်တက်ရောက်ခဲ့သည်။

“အားလုံးကိုခြုံကြည့်လိုက်တဲ့အခါကျတော့ ပြည်သူအတွက်လည်းအဆင်မပြေဘူး။လွှတ်တော်နဲ့ အစိုးရပိုင်း ကလည်း ထိန်းညှိမှုမပြုနိုင်ဘူး။ ပြဿနာတွေဖြစ်နေတာတွေကို လွှတ်တော်ကလည်း သိတယ်။ အစိုးရပိုင်း ကလည်း သိတယ်။ ညှိနှိုင်းဆောင်ရွက်မှု မရှိတော့ တော်တော်လေး အခြေအနေဆိုးတယ်။ အန်တီက ဒေသ ပြည်သူအတွက် နုတ်ထွက်ဖို့ လိုအပ်လို့ နုတ်ထွက်တယ်။ ဆရာတို့ နဲ့ ဆွေးနွေးလိုက်တဲ့အခါ ဒေသပြည်သူ အတွက် လိုအပ်လို ပြန်ပြီးတက်ခဲ့တယ်”ဟု ၀ါးခယ်မမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောသည်။

ဝါးခယ်မမြို့နယ်၊မဲဆန္ဒနယ် -၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်မြင့်မြင့်စန်းမှာ ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေး ၁၂ကြိမ်မြောက်မှ စတင်ကာ ခွင့်တိုင်ကြားခဲ့ပြီး၊ ပုံမှန်အစည်းအဝေး ၁၆ကြိမ် မြောက်တွင် လွှတ်တော်သို့ ပြန်လည် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ရိုက်ကူး- စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS