တနင်္သာရီဝန်ကြီးချုပ် နုတ်ထွက်ပေးရန် မြိတ်ဒေသခံအချို့ ဆန္ဒထုတ်ဖော်

Mizzima TV 2019-02-14

Views 5

တနင်္သာရီဝန်ကြီးချုပ် နုတ်ထွက်ပေးရန် မြိတ်ဒေသခံအချို့ ဆန္ဒထုတ်ဖော်
--------------------
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မြိတ်မြို့သို့ ရောက်ရှိလာပြီး ဌာနဆိုင်ရာတွေ၊ ပြည်သူတွေနဲ့ ဆိပ်ငယ်ရပ်ကွက်ရှိ ပုလဲရတနာ ခန်းမမှာ တွေ့ဆုံစဉ် ဒေသခံတွေက ၀န်ကြီးချုပ် အပါဝင် ၀န်ကြီးအချို့နဲ့ တိုင်း NLD ဥက္ကဋ္ဌတို့အား နုတ်ထွက်ပေးရေး ဆိုင်းဘုတ်ကိုင် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့အတွက် အလုပ်မလုပ်တဲ့ ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် စီမံဘဏ္ဍာ ၀န်ကြီး ဦးဖြိုးဝင်းထွန်း အပါအ၀င် ၀န်ကြီးအချို့နဲ့ တိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးတို့အား ဖြုတ်ချပေးဖို့ ဆိုင်းဘုတ်ကိုင် ဆန္ဒပြတောင်းဆိုခဲ့တာပါ။

ဆိုင်းဘုတ်ကိုင် ဆန္ဒပြ တောင်းဆိုသူ မြိတ်ဒေသခံ မဇင်ဇင်မိုးက“တိုင်းဒေသကြီး အစိုးရအဖွဲ့ တစ်ခုလုံး အနေနဲ့ လုပ်နေတဲ့ ဟာတွေက မမှန်ဘူးဆိုတာ ပြည်သူတွေ အကုန်လုံးကလည်း သိတယ်၊ အဲ့ဒါကို အထက်က မသိစေချင်တာလား၊ ဖုံးကွယ် ထားတာလား ဆိုတာကို အမေစု သိအောင်လို့ အခုလိုမျိုး ဆိုင်းဘုတ်ကိုင် ဆန္ဒပြတောင်းဆိုခဲပခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။

ပြည်သူအချို့ ဆိုင်ဘုတ်ကိုင် တောင်းဆိုဆန္ဒပြဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံက ကျွန်မတို့ အစိုးရက တနင်္သာရီတိုင်း အစိုးရ့အဖွဲ့ကို ဆုံးမဖို့ ရောက်လာခဲ့ခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရိုက်ကူး- ဒီမိုးသွေး (မြိတ်)

တည်းဖြတ်-ထွန်းထွန်းဝင်း

Share This Video


Download

  
Report form
RELATED VIDEOS