တရားစွဲခံရသူ ယောဂီဒေါ်နန္ဒမာလာကို တရားရုံးမှ ချုပ်မိန့်တစ်ပတ်ပေး

Mizzima TV 2019-01-07

Views 34

ကျပ်သိန်း ၂၆ဝဝ လိမ်လည်မှုဖြင့် တရားစွဲခံရသူ ယောဂီဒေါ်နန္ဒမာလာကို တရားရုံးမှ ချုပ်မိန့်တစ်ပတ်ပေး
******************************
ကျပ်သိန်း ၂၆ဝဝ လိမ်လည်မှုဖြင့် လှိုင်မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်တရားစွဲခံရသည့် ယောဂီ ဒေါ်နန္ဒမာလာကို ဇန်နဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး မြို့နယ် တရားသူကြီးက ချုပ်မိန့်တစ်ပတ်ပေးလိုက်သည်။

ယောဂီ ဒေါ်နန္ဒမာလာကို အာမခံပေး၊ မပေးကိုမူ ရုံးချိန်းစတင်မည့်ရက်ဖြစ်သည့် လာမည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အမိန့်ချမှတ်မည်ဖြစ်ကြောင်း လှိုင်မြို့နယ်တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးအောင်မြင့်သန်းက အတည်ပြုပြောကြားသည်။

ဒေါ်နန္ဒမာလာက ၎င်းအား အာမခံမပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး လှိုင်မြို့နယ်တရားရုံး၏ တရားခွင်အတွင်း တရားသူကြီးအား အော်ဟစ်ပြောဆိုမှုများလည်း ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ဒေါ်နန္ဒမာလာအား မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တရားရုံးတွင်လည်း ကျပ်သိန်း ၆ဝဝဝ လိမ်လည်မှု ဖြင့် တရားစွဲထားသည့်အပြင် မင်္ဂလာဒုံမြို့နယ်တရားရုံးတွင်လည်း ထိုသို့ လိမ်လည်မှုဖြင့် တရားစွဲဆိုထားမှုရှိ သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)





Share This Video


Download

  
Report form
RELATED VIDEOS