Myanmar Gospel Movie Trailer (ဧဝံဂေလိတရား သယ်ဆောင်လာသော တမန်) Bear the Cross and Testify to the Lord

Views 2

ခရစ်ယာန်ဖြစ်သည့် ချန်ယီရှင်းသည် သခင်အား နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာလာ သခင်ယေရှု၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကံကောင်းစွာဖြင့် ကြိုဆိုခွင့်ရသည်။ သူမသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ လူသားတို့ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးကြီးသော ဆန္ဒနှင့် ဖန်ဆင်းခံတစ်ယောက် အနေဖြင့် လုပ်ဆောင်ရမည့် တာဝန်နှင့်ဝတ္တရားကိုလည်း နားလည်ခဲ့သည်။ ထို့ကြောင့် သူမသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းတို့ကို စတင်ပြုလုပ်ခဲ့သည်။ ဤသို့ပြုလုပ်ရင်းဖြင့် သူမသည် မြို့များ၊ နယ်များ၊ အများအပြားဆီသို့ ခရီးထွက်ခဲ့သည်၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ ဖိနှိပ်ခြင်း၊ ငြင်းပယ်ခြင်းတို့ကို ခံရသည့်အပြင် တရုတ်ကွန်မြူနစ်အစိုးရ၏ လိုက်လံဖမ်းဆီခြင်း၊ ဖိနှိပ်ခြင်းတို့ကိုလည်း ခံခဲ့ရသည်။ သူမသည် ဆင်းရဲဒုက္ခတွေ များပြားစွာ ခံယူရသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် လမ်းညွှန်မှုအောက်တွင် သူမသည် အန္တရာယ်ကို မကြောက်မရွံ့ဖြင့် ရှေ့သို့ ရဲရင့်စွာ ချီတက်လျက် သူမ၏ တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။

မြင်ကွင်းများ https://my.godfootsteps.org/videos/the-gospel-messenger-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Share This Video


Download

  
Report form
RELATED VIDEOS