ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး စတင် (ရုပ်/သံ)

irrawaddynews 2018-10-10

Views 1

ကွမ်းစားခြင်းနှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ရောဂါများစွာ ဖြစ်ပွားသည့်အပြင် ကင်ဆာရေဂါ၊ နှလုံးနှင့် သွေးကြောရောဂါများ ဖြစ်ပွားစေနိုင်ခြင်းကြောင့် ကွမ်းစားခြင်းနှင့် ဆေးရွက်ကြီး သုံးစွဲမှုများကို မီဒီယာမှ တဆင့်ပညာပေးခြင်းမှာ အထိရောက်ဆုံး ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကပြောသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှ တဆင့် လူထုလှုံ့ဆော်လုပ်ရှားပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် သေဆုံးသူ အားလုံး၏ ၅၉ ရာခိုင်နှုန်းမှာ ဆေးလိပ် ဆေးရွက်ကြီး ထွက်ပစ္စည်းများ စားသုံးခြင်း၏ နောက်ဆက်တွဲ ရောဂါများကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း ၊ မြန်မာပြည်သူ ၇ သန်း ကျော်သည် နေ့စဉ် ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံး ပါဝင်သည့် ကွမ်းယာကို သုံးစွဲနေကြပြီး ဆေးရွက်ကြီးကြောင့် နှစ်စဉ် သေဆုံးသူမှာလည်း ၆ သောင်းကျော်ရှိနေသည့် အတွက် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ရှောင်ကြဉ်ရန် ပြည်ထောင်စု ဝန်ကြီးက သတိပေးပြောကြားလိုက်သည်။

Share This Video


Download

  
Report form
RELATED VIDEOS