ပြစ်ဒဏ်မှ လွတ်မြောက်လာသော မြောက်ဦး လူငယ် ၈ ဦး ထပ်မံဖမ်းဆီးခံရ (ရုပ်/သံ)
ဧရာဝတီ ၊ စက်တင်ဘာ ၂၅ ၊ ၂၀၁၈
မြောက်ဦး အဓိကရုဏ်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးတရားစွဲခံနေရသော လူငယ်များကို စက်တင်ဘာလ ၂၄ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၈ လ ချမှတ်ခဲ့သည်။ အဆိုပါ လူငယ်များသည် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည်မှာ ၈ လကျော်ရှိပြီ ဖြစ်၍ အကျဉ်းထောင်မှ ယမန်နေ့ကပင် လွတ်မြောက်ခွင့်ရရှိခဲ့သည်။
သို့သော်လည်း ၎င်းတို့အား နောက်ထပ် မြန်မာနိုင်ငံအလံ ဥပဒေ ပုဒ်မ၁၆ ဖြင့် ထပ်မံအမှုဖွင့်ကာ ဖမ်းဆီးပြန်သည်။ ယင်းကိစ္စနှင့် ပတ်သတ်၍ ရခိုင်အမျိုးသားပါတီ (ANP)က ယမန့်နေည ၁၀ နာရီကျော်အချိန်တွင် သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည် ။
ရိုက်ကူး- မင်းအောင်ခိုင်