“ခမီ ” တိုင်းရင်းသားတွေရဲ့ ပညာရေးကို အစိုးရ ဘယ်လို ကူညီမလဲ (ရုပ်/သံ)

irrawaddynews 2018-08-16

Views 23

ဧရာဝတီ၊ သြဂုတ် ၁၆၊ ၂၀၁၈

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်း ဖျားဒေသတွင် နေထိုင်ကြသည့် တောင်ပေါ်နေ ခမီတိုင်း ရင်းသားတို့၏ လူမှုဘဝသည် အဘက်ဘက်မှ နိမ့်ကျနေသလို လက်ရှိပညာသင်ကြားမှု အပိုင်းမှာလည်း စိန်ခေါ်မှုပေါင်း မြောက်များစွာဖြင့် ရင်ဆိုင်နေရသည်။

ခမီတိုင်းရင်းသားများသည် မိရိုးဖလာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြု လုပ်ကိုင်စားသောက်ကြပြီး ရွာသားများ၏ စာတတ်မြောက်မှုမှာလည်း အလွန်အားနည်းလှသည်။

ဘာသာစကား အခက်အခဲကြောင့် ကျောင်းသူ/သားများအကြား သင်ကြားရေးပိုင်းတွင် အခက်အခဲများ ရှိသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းပြီး သွားလာရေး အခက်အခဲကြောင့် ဆရာ/မ များမှာလည်း စာသင်ကျောင်းသို့ နေ့တိုင်းရောက်မလာနိုင်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်အတွင်းက ပညာဝ ဆိုသည့် တောင်ပေါ်နေ ခမီတိုင်းရင်းသားကျေးရွာတွင် အခြေခံပညာ မူတန်းကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း ၂ ကျောင်းရှိသော်လည်း ဆရာ/မ မလုံလောက်သည့်အတွက် ပြင်ပ ဆရာများကို ငှားရမ်းသင်ကြားနေရသည်။

ထိုသို့ ငှားရမ်းသင်ကြားရသည့်အတွက် ရွာသားများတွင် ငှားရမ်းစရိတ် ဝန်ပိနေသလို စာသင်ကျောင်းမှာလည်း ကိုယ်ထူ ကိုယ်ထဆောက်လုပ်ထားသည့် ကျောင်းသည်လည်း ယိုယွင်းပြီး ပြိုလုလု အခြေအနေသို့ ရောက်ရှိနေသည့်အတွက် နိုင်ငံတော်မှ သင်ထောက်ကူ ပစ္စည်းများနှင့်အတူ ကျောင်းဆောင် အဆောက်အဦး ပံ့ပိုးပေးရန် အရေးကြီး လိုအပ်လျှက် ရှိသည်။

ရိုက်ကူး - မင်းအောင်ခိုင်

Share This Video


Download

  
Report form
RELATED VIDEOS