ကမ္ဘာ့ ခရုများ အပြေးပြိုင်ပွဲ
ဘယ်သူမှမျှော်လင့်မထားတဲ့ ခရုလေးတွေ အပြေးပြိုင်ပွဲကိုတော့ ဗြိတိန်နိုင်ငံ Norfolk မြို့မှာ ကျင်းပခဲ့ပြီး ခရုအကောင်ရေ ၁၅၀ ဝင်ပြိုင်ခဲ့ပါတယ်။ ခရုတွေဟာ ဦးတည်ရာတစ်ခုထဲကို တသတ်မတ်ထဲ သွားနိုင်စွမ်း အာရုံမရှိတာကြောင့် စက်ဝိုင်းလေးတွေဆွဲထားပြီး အတွင်းဝိုင်းကနေ အပြင်ဖက်ဆီကို ရွေ့စေတာဖြစ်ပါတယ်။ ၃၃စင်တီမီတာ အကွာအဝေးအတွက် အမြန်ဆုံးစံချိန်ကတော့ ၁၉၅၅ ခုနှစ်မှာဖြစ်ပြီး ၂မိနစ်နဲ့ စက္ကန့် ၂၀ပါ။ #voasocial #voaburmese
Originally published at -