ပြည်မြို့ နှစ်၄၀ ပြည့် ဗိုလ်ချုပ်ကျောက်ရုပ် စိုက်ထူခြင်း ပတ္တမြားရတု အခမ်းအနား (ရုပ်/သံ)

irrawaddynews 2018-07-17

Views 6



ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ် စိုက်ထူခဲ့ခြင်းမှာ ယနေ့ဆိုလျှင် နှစ် ၄၀ ပြည့်ခဲ့ပြီဖြစ်၍ ဇူလိုင်လ ၁၆ရက်နေ့က ပတ္တမြားရတု အခမ်းအနားပြုလုပ်ခဲ့သည်။

ယခင်က ဗိုလ်ချုပ်ရုပ်တုများကို ကြေးနှင့် သွန်းလုပ်လေ့ရှိပြီး ပြည်မြို့ရှိ ဗိုလ်ချုပ် မြင်းစီးကျောက်ရုပ်မှာ မြန်မာနိုင်ငံတွင် ပထမဆုံး စိုက်ထူခဲ့သည့် ကျောက်ရုပ်ဖြစ်ကြောင်း သိရသည်။

အချိုးအစား ကျနသော ဗိုလ်ချုပ် မြင်းစီးကျောက်ရုပ်ကို ရန်ကုန်မြို့၊ ဆောက်လုပ်ရေး ကော်ပိုရေးရှင်း အဆောက်အုံပညာဌာန စိတ်၊ ပန်းပုပညာဌာနမှ ဗိသုကာ ပညာရှင်၊ပန်းပုပညာရှင် ဦးဟန်တင်နှင့်တပည့်များက ၁၉၇၇ ခုနှစ်က အချိန် ၉လ ယူပြီး ထုဆစ်ခဲ့သည်ဟု သိရသည်။

Share This Video


Download

  
Report form
RELATED VIDEOS