၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် ရမ်းဗြဲအမတ် အာမခံရ (ရုပ်/သံ)
ဧရာဝတီ ၊ ဇွန် ၈ ၊ ၂၀၁၈
ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသော ရမ်းဗြဲအမတ် ဦးသန်းမောင်ဦးသည် ယနေ့ ဇွန်လ ၈ ရက်နေ့တွင် အမှတ် ( ၁ )ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ရာ အာမခံဖြင့် လွတ်မြောက်ခဲ့သည် ။
ပြီးခဲ့သော ရက်ပိုင်းအတွင်းက ၄င်းသည် ရခိုင်ပြည်နယ် ပညာရေးအောင်ချက်ရာခိုင်းနှုန်းကျဆင်းခဲ့မှုနှင့်ပတ်သတ်၍ သူ၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ဖေဝန်ရေးသားခဲ့သောကြောင့် ပြည်နယ်အစိုးရ အဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပညာရေးဌာနက အမှုဖွင့်ခဲ့ခြင်း ဖြစ်သည် ။
ရိုက်ကူး-မင်းအောင်ခိုင်
တည်းဖြတ်-စိုးထွန်းသိန်း