ေက်ာင္းဖြင့္ခ်ိန္စၿပီ
ဇြန္ - ၁ ၊၂၀၁၈
ဒီကေန႕ဇြန္လ(၁)ရက္ေန႕ဟာဆိုရင္ ၂၀၁၈-၂၀၁၉ပညာသင္ႏွစ္ရဲ႕ ေက်ာင္းစတင္ဖြင့္လွစ္တဲ့ေန႕ျဖစ္လို႕ ေက်ာင္းေတြမွာ ကေလးငယ္ေတြနဲ႕ ေက်ာင္းသားမိဘေတြစည္ကားလို႕ေနပါတယ္။
ဒီႏွစ္ပညာသင္ႏွစ္မွာဆိုရင္ ပညာေရး၀န္ႀကီးဌာနအေနနဲ႕ မူလတန္းအဆင့္ ေက်ာင္းသားေက်ာင္းသူတစ္ဦးခ်င္းစီကို ေက်ာင္း၀တ္စုံတစ္စုံ၊ေက်ာင္းသုံးပုံႏွိပ္စာအုပ္တစ္စုံနဲ႕ ေက်ာင္းသုံးစာအုပ္ေျခာက္အုပ္စီ အခမဲ့ေပးၿပီး အလယ္တန္းအဆင့္နဲ႕ အထက္တန္းအဆင့္ ေက်ာင္းသားေက်ာင္းသူေတြအတြက္ ေက်ာင္းသုံးပုံႏွိပ္စာအုပ္ေတြနဲ႕ ေက်ာင္းလခ၊မိဘဆရာအသင္းေၾကး၊အားကစားေၾကး၊စာေရးကိရိယာနဲ႕စာၾကည့္တိုက္ေၾကးေတြကင္းလြတ္ခြင့္ေပးထားတာျဖစ္ပါတယ္။
ဒီႏွစ္ပညာသင္ႏွစ္ရဲ႕ ေက်ာင္းအပ္ႏွံေရးရက္သတၱပတ္အျဖစ္ ေမလ(၂၅)ရက္ကေန (၃၁)ရက္အထိသတ္မွတ္ထားၿပီး ေက်ာင္းအပ္ႏွံေရးလုပ္ငန္းေတြကိုလုပ္ေဆာင္တာအျပင္ ေက်ာင္းထြက္သူပေပ်ာက္ေရးလုပ္ငန္းေတြလည္း အေလးထားၿပီးေဆာင္ရြက္သြားဖို႕ ပညာေရး၀န္ႀကီးဌာနက ညႊန္ၾကားထားပါတယ္။
ဒါ့အျပင္ ဒီေန႕မွာ ဒုတိယတန္းကကေလးေတြကို သင္ရိုးညႊန္တမ္းအသစ္နဲ႕ စတင္သင္ၾကားေပးေနၿပီျဖစ္ပါတယ္။
ရုပ္သံသတင္းေထာက္ - လြင္သဲငယ္ဦး
#School #MyanmarSchools #ေက်ာင္း #စာသင္ေက်ာင္း #ေက်ာင္းဖြင့္ခ်ိန္ #သင္ရိုးသစ္ #LocalNews #7DayTV #7DayNews
========================================================
(Unicode)
ကျောင်းဖွင့်ချိန်စပြီ
ဇွန် - ၁ ၊၂၀၁၈
ဒီကနေ့ဇွန်လ(၁)ရက်နေ့ဟာဆိုရင် ၂၀၁၈-၂၀၁၉ပညာသင်နှစ်ရဲ့ ကျောင်းစတင်ဖွင့်လှစ်တဲ့နေ့ဖြစ်လို့ ကျောင်းတွေမှာ ကလေးငယ်တွေနဲ့ ကျောင်းသားမိဘတွေစည်ကားလို့နေပါတယ်။
ဒီနှစ်ပညာသင်နှစ်မှာဆိုရင် ပညာရေးဝန်ကြီးဌာနအနေနဲ့ မူလတန်းအဆင့် ကျောင်းသားကျောင်းသူတစ်ဦးချင်းစီကို ကျောင်းဝတ်စုံတစ်စုံ၊ကျောင်းသုံးပုံနှိပ်စာအုပ်တစ်စုံနဲ့ ကျောင်းသုံးစာအုပ်ခြောက်အုပ်စီ အခမဲ့ပေးပြီး အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်တွေနဲ့ ကျောင်းလခ၊မိဘဆရာအသင်းကြေး၊အားကစားကြေး၊စာရေးကိရိယာနဲ့စာကြည့်တိုက်ကြေးတွေကင်းလွတ်ခွင့်ပေးထားတာဖြစ်ပါတယ်။
ဒီနှစ်ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ(၂၅)ရက်ကနေ (၃၁)ရက်အထိသတ်မှတ်ထားပြီး ကျောင်းအပ်နှံရေးလုပ်ငန်းတွေကိုလုပ်ဆောင်တာအပြင် ကျောင်းထွက်သူပပျောက်ရေးလုပ်ငန်းတွေလည်း အလေးထားပြီးဆောင်ရွက်သွားဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ဒီနေ့မှာ ဒုတိယတန်းကကလေးတွေကို သင်ရိုးညွှန်တမ်းအသစ်နဲ့ စတင်သင်ကြားပေးနေပြီဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
#School #MyanmarSchools #ကျောင်း #စာသင်ကျောင်း #ကျောင်းဖွင့်ချိန် #သင်ရိုးသစ် #LocalNews #7DayTV #7DayNews