စီးပွားရေး တည်ငြိမ်ရေးအပါအ၀င် စိန်ခေါ်မှုတွေ အများကြီးနဲ့စတဲ့ ၂၀၁၈ (ရုပ်/သံ)

irrawaddynews 2018-01-22

Views 12

“အခု ဆိုရင် ၀န်ကြီးဌာန တွေ ၃-၄ နေရာလောက်ကို အမြန်ဆုံးပြောင်းလဲရမယ်ဆိုတာ ဘယ်သူ့ပဲသွားမေးမေး အားလုံးပြောနေကြတာ ဖြစ်ပါတယ်။ အခု ဟာက reshuffle (အစိုးရအဖွဲ့ဝင် အပြောင်းအလဲ) လာမယ် ဆိုတာကို မျှော်လင့်တယ်။ မျှော်လင့်ပြီးတော့ နားလည်ပေးတဲ့သူတွေလည်း တော်တော်စိတ်ပျက်နေတာ ကျနော်တို့တွေ့ရတယ်။ reshuffle လုပ်တယ်ဆိုတာ ဒုဝန်ကြီးတွေ အစားထိုးခန့်တာမဟုတ်ဘူး။ ဒုဝန်ကြီးတွေအသစ်ခန့်တာကို ပြောတာမဟုတ်ဘူး။ reshuffle လုပ်တယ်ဆိုတာ အခု လုံးဝ မလုပ်နိုင်တဲ့လူတွေရှိတယ်။ .... လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ သူတို့ရဲ့ performance တွေ delivery မလုပ်နိုင်တဲ့သူတွေ ရှိတယ်။ သူတို့တွေကို NLD အစိုးရက နှာစေးပီးနေမှာလား။ သူတို့ကို ထုတ်ပစ်မှာလား။ ထုတ်ပစ်လိုက်ပြီးတော့ ကျန်တဲ့ ၂-၃ နှစ်အတွင်းမှာ စီးပွားရေး၊ အခု ဖြစ်နေတဲ့ တည်ငြိမ်ရေး၊ နိုင်ငံရေးတွေကို ဘယ်လိုလုပ်မလဲ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာပေါ့နော်။ အတော်များများကတော့ ဒီအစိုးရအပေါ်မှာ မေးခွန်းထုတ်ပီးတော့ သူတို့ရဲ့ ယုံကြည်မှုတွေ လျော့သွားတယ်ဆိုတာ (တွေ့ရတယ်)၊ နောက် အစိုးရအပေါ်မှာ ထောက်ခံမှုလည်း အရမ်းလျော့သွားတယ် ကျနော်တို့ ၂၀၁၈ အစပိုင်းမှာပဲ တွေ့နေရပီ ဖြစ်ပါတယ်။ ”

Share This Video


Download

  
Report form
RELATED VIDEOS