ကန်သံရုံးကို ဆန္ဒပြတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့အမှု ဘယ်အခြေအနေရောက်ပြီလဲ

7Day TV 2017-10-07

Views 3

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က အမေရိကန်သံရုံးကို ဆန္ဒပြကန့်ကွက်လို့ ပုဒ်မနှစ်ခု နဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားရေးလှုပ်ရှားသူ လေးဦးကို ကမာရွတ်တရားရုံးမှာ ဒီနေ့ ဇွန် ၂၂ရက်နေ့ မှာ ရုံးထုတ်ခဲ့ပါတယ်။

အမျိုးသားရေးလှုပ်ရှားသူ ဆရာတော်သုံးပါး နဲ့ ဝင်းကိုကိုလတ် အပါအဝင် လူ လေးဦးကို ပုဒ်မ(၁၉)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၅၀၅(ခ)တို့နဲ့ကမာရွတ်မြို့နယ်တရားရုံးမှာတရားစွဲဆိုထားတာပါ။

ဒီကနေ့ရုံးထုတ်ချိန်မှာတော့အမှုတွဲမှာပါဝင်တဲ့ဆရာတော်သုံးပါးဟာတရားရုံးကိုလာရောက်ခြင်းမရှိခဲ့တဲ့အတွက် စစ်ဆေးခြင်းမရှိခဲ့ဘဲ တရားသူကြီးက ရုံးချိန်းကို လာမယ့် ဇူလိုင်လ ၆ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Share This Video


Download

  
Report form
RELATED VIDEOS