အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သစ်အတွက် ဘတ်စ်ကားမှတ်တိုင် ဆိုင်းဘုတ်တွေမှာ စတစ်ကာတွေ ကပ်ထားဆောင်ရွက်မှုကိုဒီကနေ့ ဇန်န၀ါရီလ ၁၃ ရက် မှာ အပြီးကပ်သွားမှာဖြစ်ပါတယ် ။
Yangon Bus Service (YBS) က ပြေးဆွဲမယ့် ယာဉ်လမ်းကြောင်း ဆိုင်းဘုတ်စတစ်ကာတွေကို မနေ့က စတင်ကပ်နေတာ ဖြစ်ပြီး လက်ရှိမှာ ၆၀၀ ကျော်ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်းဘုတ်စတစ်ကာပေါင်း ၁၈၀၀ ကို ကပ်ထားသွားမှာလည်းဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး