ကမ္ဘောဇဘဏ် နဲ့ နိုင်ငံတကာငွေပေးချေမှုနည်းပညာကုမ္ပဏီဖြစ်တဲ့ Visa တို့ ဟာ ၀န်ဆောင်မှုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်တော့မယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ ရန်ကုန် StrandSQuare မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ကြေညာခဲ့တာပါ။
ကမ္ဘာတစ်ဝှမ်းက Visa ကွန်ယက် အရောင်းဆိုင်ပေါင်း သန်း(၃၀)နဲ့ မြန်မာနိုင်ငံထဲက အရောင်းဆိုင် (၃၅၀၀)ကျော်တို့မှာ ငွေပေးချေမှုလုပ်နိုင်တော့မယ်လို့လည်း ကမ္ဘောဇဘဏ် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်မျိုးက ပြောပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်