မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေဟာ ခေတ်မီဖို့လိုနေပြီလို့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း အိုင်အက်ဖ်စီ က ပြောလိုက်ပါပြီ။ နိုင်ငံတကာ ဘဏ်လုပ်ထုံးတွေနဲ့ ၀န်ဆောင်မှုတွေကိုလည်း အမှီလိုက်ဖို့ပါ အရေးတကြီးလိုနေတယ်လို့ အိုင်အက်ဖ်စီက ထောက်ပြထားပါတယ်။ ဘာကြောင့်လိုအပ်နေတာလဲ၊ ဘယ်လိုနေရာတွေမှာ လိုအပ်နေတာလဲဆိုတာကိုတော့ အောင်သူရက ပြောပြပေးသွားမှာဖြစ်ပါတယ်။