Miss Myanmar International ၂၀၁၄သရဖူကို အင်တာနေရှင်နယ်စကူးက (၁၂)တန်းကျောင်းသူ မခင်ဝေဖြိုးဟန်ရရှိ

Mizzima TV 2017-06-20

Views 26

အသက်(၁၈)နှစ်အရွယ်၊ မခင်ဝေဖြိုးဟန်သည် ပြိုင်ပွဲစဉ်တလျှောက်လုံးတွင် ဆုရဖို့ရေပန်းအစားဆုံးထဲမှာ ပါဝင်ခဲ့ပြီး နောက်ဆုံးစကာတင်(၃)ဦးထဲမှာ မေဘရဏီသော်၊သန္ဒာမာရီယာတို့ကို ကျော်ဖြတ်ပြီး (၂၀၁၄)ခုနှစ်အတွက် Miss Myanmar International ဆုကိုရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းက ဦးစီးကျင်းပသည့် Miss Myanmar International နောက်ဆုံးပြိုင်ပွဲကို မြန်မာဝတ်စုံ၊ ရေကူးအားကစားဝတ်စုံ၊ ညနေခင်းဝတ်စုံတွေနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ညနေခင်းဝတ်စုံနဲ့ ယှဉ်ပြိုင်အပြီးမှာ ပထမဦးဆုံး စံကာတင်(၁၀)ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် စံကာတင်(၁၀)ဦးစလုံးကို အကဲဖြတ်ဒိုင်များ၏ မတူညီတဲ့မေးခွန်း(၁)ခုစီမေးမြန်းခဲ့ပြီး နောက်ဆုံးစံကာတင် (၃)ဦးကို ထပ်မံရွေးချယ်ခဲ့သည်။ စံကာတင်(၃)ဦးကို ရွေးချယ်အပြီးမှာ ခရီးသွားလုပ်ငန်းနဲ့ပတ်သတ်သည့် မေးခွန်းတခု တည်းကို မေးမြန်းခဲ့ပြီး ၊ တတိယဆုကို ခါးနံပတ်(၁၂)သန္ဒာမာရီယာ၊ ဒုတိယဆုကို ခါးနံပတ်(၁၈) မေဘရဏီ သော်နှင့် Miss Myanamr International ၂၀၁၄ဆုကို ခါးနံပတ်(၁၆) ခင်ဝေဖြိုးဟန်က ရရှိသွားခဲ့သည်။
သြဂုတ်လ(၁၇)ရက်နေ့ ညနေ(၆)နာရီမှ ည(၁၁)နာရီခွဲအထိကျင်းပခဲ့သည့် Miss Myanmar International 2014 အလှမယ်ရွေးချယ်ပွဲကို စည်းကားအောင်မြင်အောင်ကျင်းပနိုင်ခဲ့ပြီး ထူးခြားမှုအနေနှင့် Miss International 2013 သရဖူ ဆုရှင် ဖိလစ်ပိုင်အလှမယ်က အကဲဖြတ်ဒိုင်အဖြစ်ပါဝင်လာခဲ့သည်။
Miss Myanmar 2014ဆုရှင် ခင်ဝေဖြိုးဟန်သည် အခုနှစ်အကုန်၊ ဂျပန်နိုင်ငံမှာ ကျင်းပမည့် Miss International 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် တတိယအကြိမ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၀၁၂ခုနှစ်က နန်းခင်ဇေယျာ၊ ၂၀၁၃ခုနှစ်က ဂုဏ်ရည်အေးကျော်တို့လည်း သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။

Share This Video


Download

  
Report form
RELATED VIDEOS