မုတ္တမကမ်းလွန်လုပ်ကွက်မှာ သဘာဝဓာတ်ငွေ့ ကုဗပေ တစ်ထရီလီယံအထိရှိနေ

Mizzima TV 2017-06-20

Views 13

အခုဆက်လက်ပြီး မြန်မာနိုင်ငံရဲ့ သဘာဝဓါတ်ငွေ့တူးဖော်မှုနဲ့ပက်သက်တဲ့ သတင်းတပုဒ်ကို တင်ပြပါအုံးမယ်။ မုတ္တမကမ်းလွန်လုပ်ကွက် အမ်-သရီး မှာ ဓါတ်ငွေ့ကုဗပေ တစ်ထရီလီယံ အထိရှိနေကြောင်း ခန့်မှန်းထားပါပြီ။
ပီတီတီအီးပီ ကုမ္ပဏီကနေ တူးဖော်နေတဲ့ ဒီလုပ်ကွက်မှာ ခန့်မှန်းခြေ ဓါတ်ငွေ့ကုဗပေပေါင်း တစ်ထရီလီယံအထိ ရှိနေကြောင်း စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ယောက်က ပြောခဲ့ပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓါငွေ့လုပ်ငန်းနဲ့ ထိုင်းနိုင်ငံ ပီတီတီအီးပီ ကုမ္ပဏီတို့ အကျိုးတူဆောင်ရွက်နေတဲ့ အမ်-သရီးလုပ်ကွက်ဟာ စမ်းသပ်တွင်းတွေတူးဖော်ဆဲအခြေအနေမှာပဲ နေ့စဉ် ကုဗပေ သန်း တစ်ရာလောက်ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံဟာ စမ်းသပ်တိုင်းတာပြီး ကမ္ဘာ့ဓါတ်ငွေ့ပိုင်ဆိုင်မှု အဆင့် ၄၁ မှာရှိနေပြီး ရေနံစိမ်းပိုင်ဆိုင်မှု အဆင့် ၇၈ မှာရှိနေပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS