ဝင်ငွေခွန်အများဆုံးပေးသည့်စာရင်း ထုတ်ပြန်

Mizzima TV 2017-06-19

Views 1

၂၀၁၄ ခုနှစ် မတ်လနောက်ပိုင်းကနေစပြီး ၀င်ငွေခွန်အများဆုံးပေးဆောင်ထားတဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း ၁၈၅ ခုရှိနေပါတယ်။
၂၀၁၃-၂၀၁၄ စည်းကြပ်နှစ် မတ်လ ၃၀ ရက်နေ့နောက်ပိုင်း ၀င်ငွေခွန်အများဆုံးပေးဆောင်ထားတဲ့ ပြည်တွင်းပြည်ပကုမ္ပဏီစာရင်းကို ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီအထဲမှာ ၀င်ငွေခွန်အများဆုံးပေးဆောင်ထားတဲ့ မြန်မာလုပ်ငန်းရှင်နဲ့ ကုမ္ပဏီပေါင်းက ၁၇၇ ဦးရှိပြီး ကျပ်သန်း နှစ်ထောင်အောက် အခွန်ပေးဆောင်ထားတဲ့ ကုမ္ပဏီ ၂ ခုပါဝင်ပါတယ်။
ကျပ်သန်း ၆၀၀ အောက်စာရင်းတွင် ကုမ္ပဏီတစ်ခု၊ ကျပ်သန်း ၄၀၀ အောက်တွင် ကုမ္ပဏီ သုံးခု၊ ကျပ် သန်း ၃၀၀ အောက်တွင် ကုမ္ပဏီ လေးခု၊ ကျပ်သန်း ၂၀၀ အောက်ကနေ ကျပ်သန်း ၅၀ အောက်အထိ ကုမ္ပဏီ ပေါင်း ၁၆၇ ခု ပါဝင်ပါတယ်။
နိုင်ငံခြားကုမ္ပဏီကတော့ ၈ ခုရှိပြီး ကျပ်သန်း ၄၀၀ အောက် ကုမ္ပဏီတစ်ခု ကျပ်သန်း ၂၀၀ အောက် ကုမ္ပဏီတစ်ခု၊ ကျပ်သန်း ၁၀၀ အောက် ကုမ္ပဏီ သုံးခုနဲ့ ကျပ်သန်း ၅၀ အောက်မှာ ကုမ္ပဏီ ၃ ခုတို့ဟာ အခွန်အများဆုံး ပေးဆောင်ထားပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS