မိုးကာလ(၃)လအတွင်း ပင်လယ်ပြင်တွင်း ငါးဖမ်းဆီးမှုကို ရပ်နား သွားဖို့ရှိနေ

Mizzima TV 2017-06-19

Views 5

အခုနှစ် မိုးတွင်းကာလ (၃)လအတွင်း ပင်လယ်ပြင်တွင်းငါးဖမ်းဆီးမှုကို ရပ်နားဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်၊ ဒါဟာ ရှားပါးလာတဲ့ ငါးသံယံဇာတကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ဒီအဆိုကို တင်သွင်းခဲ့တဲ့ ချောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုထားပါတယ်။ ဒီလိုမျိုး ရက်အကန့်အသတ်နဲ့ ငါးဖမ်းဆီးမှုကို ကန့်သတ်လိုက်တာကြောင့် ရေလုပ်သားတွေအနေနဲ့အခက်အခဲရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်းရှင် များအသင်းဥက္ကဌက ပြောဆိုထားပါတယ်၊ မဇ္ဈိမစီးပွားရေးသတင်းထောက် မထက်ထက်အောင်က တင်ပြထားတာကို နားထောင်ရမှာဖြစ်ပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS