ပန် (Pang) ဟူသည်မှာ နာဂလူမျိုးတို့အတွက် ထူးခြားသော ပြယုဂ်တခုဖြစ်သည်။ ယခုအစီအစဉ်တွင် ပန် အကြောင်း တစိတ်တပိုင်း တွေ့မြင်ခွင့်ရပါလိမ့်မည်။
နောက်ထပ် ထူးခြားမှုမှာ နာဂတိုင်းရင်းသား တို့၏ အမဲလိုက်ခြင်း အတတ်ပညာဖြစ်သည်။ အမဲလိုက်ခြင်းကို ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းအမွေပေးလေ့ရှိကြပြီး၊ ယောက်ျားကောင်းတို့ အတတ်ပညာအဖြစ်လည်း မှတ်ယူကြသည်။ ထိုထိုသော အကြောင်းအရာများနှင့်အတူ ရှေးခေတ်နာဂ တို့၏ လူနေမှုသမိုင်းနှင့် ထူးခြားသည့် ရိုးရာဓလေ့များစွာ ရှိပေသည်။ အထက်ပါ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို TastyTrip ရသများနှင့်ခရီးသွားခြင်း အစီအစဉ်မှ ရှာဖွေတင်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။