တယ်လီနော မြန်မာ CEO အသစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင်တာဝန်ယူမည်

Mizzima TV 2017-06-17

Views 4

မြန်မာနိုင်ငံနိုင်ငံခြားဆက်သွယ်ရေးမိုဘိုင်းအော်ပရေတာတစ်ခုဖြစ်တဲ့ တယ်လီနော်မြန်မာရဲ့ လက်ရှိအမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ CEO ပီတာ ဖာဘာ့(ဂ) ရဲ့နေရာမှာ ယခင်ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်တဲ့ CFO လာ(စ) အဲရစ်(ခ) တယ်(လ) မန်းက သြဂုတ်လ ၁ ရက်နေ့ကနေစပြီး တာဝန်ယူလုပ်ကိုင်သွားမှာဖြစ်တယ်လို့ တယ်လီနော်မြန်မာက ပြောဆို လိုက်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေးအရာရှိချုပ် CFO တယ်မန်းရဲ့ နေရာကို မြန်မာအမျိုးသမီးဖြစ်တဲ့ ကာရိုလိုင်း ယဉ်ယဉ်ဌေးက တာဝန်ယူသွားမှာဖြစ်ပါတယ်။
တယ်လီနော်မြန်မာအနေနဲ့ လက်ရှိမှာ တာဝါတိုင်ပေါင်း ၆၀၀၀ နီးပါးနဲ့ သုံးစွဲသူ ၁၆ သန်းကျော်ကို ၀န်ဆောင်မှုပေးနေ တာဖြစ်ပြီး ၂၀၁၆ ခုနှစ်အကုန်မှာ တာဝါတိုင်ပေါင်း ၇၀၀၀ အထိ တည်ဆောက်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ တယ်လီနော်မြန်မာအနေနဲ့ လက်ရှိဝန်ဆောင်မှုပေးနေတဲ့ 2G-3G အပြင် လက်ရှိလုပ်ကိုင်နိုင်တဲ့ မိုဘိုင်းကွန်ရက်နဲ့ 4G ကွန်ရက်ကိုပါ ၀န်ဆောင်မှုပေးသွားဖို့စီစဉ်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ 4G ကွန်ရက်တွေကို ဖြန့်ကျက်နိုင်ဖို့ အစိုးရက ရောင်းချပေးနိုင်မယ့် ကြိမ်နှုန်းအသစ်တွေကို ၀ယ်ယူသွားနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ တယ်လီနော်မြန်မာဘက်က ပြောဆိုထားပါတယ်ခင်ဗျာ

Share This Video


Download

  
Report form
RELATED VIDEOS