စီးပွားပိတ်ဆို့ထားမှုများအား အမေရိကန် ပယ်ဖျက်ခြင်း

Mizzima TV 2017-06-16

Views 7

အစိုးသစ်တက်လာပြီးချိန်ဖြစ်တဲ့ ၂၀၁၆ ခုနှစ်အတွင်း ထင်ရှားတဲ့ စီးပွားရေးဖြစ်ရပ်တစ်ခုအနေနဲ့ အမေရိကန်ရဲ့ မြန်မာအပေါ် ထားရှိတဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေကို ပယ်ဖျက်ပေးခဲ့တာကိုပါ ရွေးချယ်ထားပါတယ်။ အဲဒိလို အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းတာနဲ့ ပတ်သတ်ပြီး မြန်မာ့ရဲ့ သမိုင်းရွေးကောက်ပွဲနဲ့ ဒီမိုကရေစီအတွက် ပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်ပြောင်းလဲမှုတွေကို သိသိသာသာ တွေ့မြင်ရတာကြောင့်ဆိုပြီး အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက အောက်တိုဘာလ ၇ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို လာရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးအပြီးမှာပဲ ဒီအရေးပေါ် အက်ဥပဒေကို ရုတ်သိမ်းပေး မှာ ဖြစ်ကြောင်း သမ္မတအိုဘားမားက ကြေညာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာစစ်တပ်အပေါ် အကူအညီပေးတာ အပါအဝင် နိုင်ငံခြားထောက်ပံ့ မှုတွေ အပေါ် ကန့်သတ်ချက်တွေ ကလည်း ဆက်ပြီး ရှိဦးမှာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် မေလ ၁၇ ရက်နေ့ကလည်း မြန်မာအပေါ် အထူးဦးတည်ပစ်မှတ်ထားအရေးယူ ပိတ်ဆို့(SDN) အောက်မှာရှိတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၇ ခုနဲ့ နိုင်ငံပိုင်ဘဏ် ၃ ခုတို့ကိုလည်း ဖယ်ရှားပေးခဲ့တယ်ဆိုပြီး အမေရိကန်နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး(OFAC) က ပြုလုပ်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ပါတ်သက်လို့ အရေးပေါ် ဥပဒေကို အမေရိကန်က ၁၉၉၇ ခုနှစ်တုန်းက နဝတ စစ်အစိုးရလက်ထက်မှာ စတင်ထုတ်ပြန်ပြီး ဒီဥပဒေအရ မြန်မာနိုင်ငံ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး နှစ်စဉ် သက်တမ်းတိုးလာခဲ့တာဖြစ်ပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS