ဗိုလ္တေထာင္ၿမိဳ႕နယ္ လမ္း၅၀ ဓါး ျဖင့္ထိုးကာ အႏုၾကမ္းစီးမႈျဖစ္ပြား

Mizzima TV 2017-06-16

Views 1

ZawGyi-
ဗုိလ္တေထာင္ၿမိဳ႕နယ္၊ လမ္း ၅၀ ေအာက္ဘေလာက္ရွိ လမ္း ၅၀ကြန္ဒိုမီနီယမ္ေရွ႕က ကုမၸဏီတစ္ခုကို မတ္လ ၂၁ရက္ နံနက္ ၈နာရီအခ်ိန္ခန္႔က အမ်ဳိးသားတစ္ဦးက ဝင္ေရာက္ကာ အႏုၾကမ္းစီးမႈ ျဖစ္ပြားခဲ့သည္ဟု ဗိုလ္တေထာင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ သိရသည္။

လမ္း ၅၀ ေအာက္ဘေလာက္ ၅ လႊာရွိ IT And Telecommunication Co. Ltd. တြင္ ကုမၸဏီပိုင္ရွင္ (အသက္ ၇၁ အရြယ္) ဦးမင္းေဆြ (အၿငိမ္းစားဗုိလ္ႀကီး) တစ္ဦးတည္းရွိေနစဥ္ အမည္မသိ အမ်ိဳးသားတစ္ဦးက ဝင္ေရာက္လာကာ ဓားျဖင့္ထိုးကာ အႏုၾကမ္းစီး တုိက္ခိုက္ခဲ့ေၾကင္း သိရသည္။ ထိုသို႔ အႏုၾကမ္းစီး တိုက္ခိုက္မႈကို ေဘးပတ္ဝန္းက်င္ အခန္းမ်ားက သိရွိၿပီး ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားသည့္အတြက္ တုိက္ခိုက္ခံရသူမွာ အသက္ခ်မ္းသာရာ ရခဲ့ၿပီး လူနာအား ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္လိုက္ရေၾကာင္း အခင္းျဖစ္ပြားခဲ႔ရာအခန္းအနီးေနထိုင္သူမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ဗိုလ္တေထာင္ျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚျမင့္ျမင့္စိုးက “မနက္ေစာေစာက ျဖစ္တာ။ အခု လုံၿခဳံေရးကင္မရာ မွတ္တမ္းေတြ ၾကည့္ေနတယ္။ မသကၤာစရာေတြကို သက္ဆိုင္ရာက စစ္ေဆးေနတယ္။ ေယာက္်ားတစ္ဦး၊ မိန္းမတစ္ဦး ေတြ႔ရတယ္။ ကင္မရာမွတ္တမ္းထဲမွာ။" ဟု မဇၩိမသို႔ ေျပာသည္။

အႏုၾကမ္းစီးသူသည္ ကုမၸဏီပိုင္ရွင္အား လက္ႏွင့္ေျခေထာက္ကို ဓားျဖင့္ထိုးျပီး လက္စြပ္ႏွင့္ပိုက္ဆံအိတ္ ယူေဆာင္သြားေၾကာင္း ဗိုလ္တေထာင္ျမိဳ႕နယ္ ရဲအရာရွိတစ္ဦးက ေျပာသည္။

ဓါးျဖင့္အထိုးခံရသူကို ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားၿပီး၊ ဗိုလ္တေထာင္ျမိဳ႕နယ္ရဲစခန္းမွ အမႈအတြက္ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

Unicode-
ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ အောက်ဘလောက်ရှိ လမ်း ၅၀ကွန်ဒိုမီနီယမ်ရှေ့က ကုမ္ပဏီတစ်ခုကို မတ်လ ၂၁ရက် နံနက် ၈နာရီအချိန်ခန့်က အမျိုးသားတစ်ဦးက ဝင်ရောက်ကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်ဟု ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

လမ်း ၅၀ အောက်ဘလောက် ၅ လွှာရှိ IT And Telecommunication Co. Ltd. တွင် ကုမ္ပဏီပိုင်ရှင် (အသက် ရ၁ အရွယ်) ဦးမင်းဆွေ (အငြိမ်းစားဗိုလ်ကြီး) တစ်ဦးတည်းရှိနေစဉ် အမည်မသိ အမျိုးသားတစ်ဦးက ဝင်ရောက်လာကာ ဓားဖြင့်ထိုးကာ အနုကြမ်းစီး တိုက်ခိုက်ခဲ့ကြေင်း သိရသည်။ ထိုသို့ အနုကြမ်းစီး တိုက်ခိုက်မှုကို ဘေးပတ်ဝန်းကျင် အခန်းများက သိရှိပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားသည့်အတွက် တိုက်ခိုက်ခံရသူမှာ အသက်ချမ်းသာရာ ရခဲ့ပြီး လူနာအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း အခင်းဖြစ်ပွားခဲ့ရာအခန်းအနီးနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက “မနက်စောစောက ဖြစ်တာ။ အခု လုံခြုံရေးကင်မရာ မှတ်တမ်းတွေ ကြည့်နေတယ်။ မသင်္ကာစရာတွေကို သက်ဆိုင်ရာက စစ်ဆေးနေတယ်။ ယောက်ျားတစ်ဦး၊ မိန်းမတစ်ဦး တွေ့ရတယ်။ ကင်မရာမှတ်တမ်းထဲမှာ။" ဟု မဇ္ဈိမသို့ ပြောသည်။

အနုကြမ်းစီးသူသည် ကုမ္ပဏီပိုင်ရှင်အား လက်နှင့်ခြေထောက်ကို ဓားဖြင့်ထိုးပြီး လက်စွပ်နှင့်ပိုက်ဆံအိတ် ယူဆောင်သွားကြောင်း ဗိုလ်တထောင်မြို့နယ် ရဲအရာရှိတစ်ဦးက ပြောသည်။

ဓါးဖြင့်အထိုးခံရသူကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး၊ ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှ အမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

Share This Video


Download

  
Report form
RELATED VIDEOS